Available courses

Effect House 101 course လေးကတော့ Beginner တွေအတွက် အသင့်တော်ဆုံး Course လေးပဲဖြစ်ပါတယ်။ ဒီ Course မှာတော့ အခြေခံ UI အကြောင်းတွေ၊ အမျိုးမျိုးသော Tracking ကိုစမ်းသပ်ကြည့်ခြင်းတွေ၊ Visual Scripting လိုမျိုး programming လုပ်ပြီး game တစ်ခုပြုလုပ်ခြင်းတို့ ပါဝင်မှာပဲဖြစ်ပါတယ်။ 

Course လေးကို Self-paced အတိုင်းစီစဥ်ထားပါတယ်။ စုစုပေါင်း Session 7 ခုရှိပါတယ်။​အပိုင်း ၃ ပိုင်း ခွဲလို့ရပါတယ်။​ 

Session 01 မှ 03 ကတော့ မတူညီတဲ့ AR use case တွေကိုအခြေခံသဘောတရားနားလည်အောင် လေ့လာပြီး ကိုယ်တိုင်စမ်းသပ်ကြည့်မှာဖြစ်ပါတယ်။

Session 04 မှ 06 ကတော့ အခြေခံ programming ရေးကျမှာဖြစ်ပါတယ်။ အကယ်၍ programming အခြေခံမရှိဘူးဆိုရင်တောင် ကိစ္စမရှိပါဘူး။​ Effect House ထဲမှာ lego style - NODE တွေကို သုံးပြီး programming ရေးတာဖြစ်ပါတယ်။​ NODE ရဲ့အသုံးပြုပုံတွေကို project based လေ့လာရမှာပဲဖြစ်ပါတယ်။​ သက်ဆိုင်ရာ project file ကို download ဆွဲပြီး အလွယ်တကူ ချိတ်ဆက်ပြီး hand-on exercise လေ့လာလို့ရမှာလည်း ဖြစ်ပါတယ်။​
Session 07 ကတော့ နောက်ဆုံးအပိုင်းဖြစ်ပြီး ဂိမ်းတစ်ခုကို ပြုလုပ်မှာလည်းဖြစ်ပါတယ်။ သင်တန်းအားလုံးပြီးသွားရင်လည်း (ကိုယ်တိုင် တစိုက်တမိုက်လိုက်လုပ်တယ်ဆိုရင်) ဂိမ်းတစ်ခုကို ကောင်းကောင်းပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။  Session တစ်ခုကို ၁ နာရီ မှ ၁ နာရီ ခွဲထိ သင်ခန်းစာများပါဝင်ပြီး တစ်ပတ် (၂)ရက်နှုန်း လေ့လာမယ်ဆိုရင် စုစုပေါင်း ရက်သက္ကပတ် ၈ ပတ် လေ့လာပြီးရင် Effect House ကိုကောင်းကောင်းမွန်မွန် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

 

Community Group - Facebook Group

ဆက်သွယ်ရန် - Messenger